ငွေလွှဲထုတ်ယူခြင်း

uab bank ခွဲများ နှင့် uabpay agent များမှ တဆင့် မြန်မာနိုင်ငံရှိ ပြည်သူများ အဆင်ပြေချောမွေ့စွာ ငွေလွှဲထုတ်ယူနိုင်စေရန် အောက်ပါ နေရာများတွင် ငွေလွှဲထုတ်ယူသည့်ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။


ငွေလွှဲထုတ်ယူရာတွင် လိုအပ်သည့် အထောက်အထားများမှာ -

  • ငွေလွှဲထုတ်ယူမည့်သူ၏ ဖုန်းနံပါတ်
  • ငွေလွှဲထုတ်ယူနိုင်မည့် နံပါတ်
  • ငွေလွှဲမည့်သူမှ ပေးပိုသည့် လျှို့ဝှက် နံပါတ် (၆)လုံး
  • ငွေလွှဲထုတ်ယူမည့်သူ၏ မှတ်ပုံတင်

Agent မှ အချက်အလက်များ စစ်ဆေး၍ မှန်ကန်ပါက ငွေလွှဲထုတ်ယူသူ၏ ဖုန်းနံပါတ်ထဲသို့ OTP (နံပါတ် (၆)လုံး)အား ထပ်မံလက်ခံရရှိမည် ဖြစ်သည်။ လက်ခံရရှိသည့် OTP No. ဖြင့် ငွေလွှဲထုတ်ယူနိုင်မည်ဖြစ်ပါသည်။



ငွေလွှဲထုတ်ယူခြင်း (uabpay)

Uabpay account ထဲသို့ တိုက်ရိုက်ငွေလွှဲလိုသူများ အနေဖြင့် အောက်ပါအတိုင်း Notification နှင့် Transaction ကိုတွေ့ရမည်ဖြစ်ပါသည်။